လူ/လေးထောင်/ကို ကျွေးမွေးတော်မူခြင်း
8
ထို/အချိန်/တွင် လူအုပ်ကြီး/သည် ထပ်မံ/စုဝေးကြ/ရာ စားစရာ/မရှိကြ/သဖြင့် ယေရှု/သည် တပည့်တော်တို့/ကို ခေါ်/၍ 2 “ဤ/လူတို့/ကို ငါ/သနား၏။ သူတို့/သည် သုံးရက်/တိုင်တိုင် ငါ/နှင့်အတူ ရှိကြပြီ။ သူတို့/ထံ၌ မည်သည့်/စားစရာ/မျှ မရှိ။ 3 တချို့/မှာ ရပ်ဝေး/က လာကြ၏။ သူတို့/ကို စားစရာ/မကျွေးဘဲ အိမ်/ပြန်လွှတ်/ပါက လမ်း/တွင် အားပြတ်ကြ/လိမ့်မည်” ဟု မိန့်တော်မူ၏။
4 တပည့်တော်တို့/က “ဤ/သူတို့/ကို ဝလင်/စွာ/ကျွေးမွေး/ရန် စားစရာ/ကို ဤ/တောကန္တာရ/တွင် မည်သို့/ရနိုင်မည်နည်း” ဟု လျှောက်ကြ၏။
5 ယေရှု/က “သင်တို့/တွင် မုန့်/မည်မျှ/ရှိသနည်း” ဟု မေးတော်မူ/သော် “မုန့်/ခုနစ်လုံး/ရှိပါသည်” ဟု လျှောက်ကြ၏။
6 ထိုအခါ ယေရှု/သည် လူထု/ပရိသတ်တို့/ကို မြေ/ပေါ်တွင် ထိုင်/ရန် ညွှန်ကြားတော်မူ၏။ ထို့နောက် မုန့်/ခုနစ်လုံး/ကို ယူ/လျက် ဘုရားသခင်/၏ ကျေးဇူးတော်/ကို ချီးမွမ်း/ပြီးလျှင် ချိုးဖဲ့/၍ တပည့်တော်တို့/အား ပေးတော်မူ၏။ တပည့်တော်တို့/သည်လည်း လူထု/ပရိသတ်တို့/အား ပေးဝေကြ၏။ 7 ငါးကလေး/အနည်းငယ်/လည်း ရှိ/သဖြင့် ကျေးဇူးတော်/ကို ချီးမွမ်း/ပြီးလျှင် တပည့်တော်တို့/အား ပေးဝေစေ၏။
8 ထို/သူတို့/သည် ဝလင်/စွာ စားကြ/ပြီးနောက် ကြွင်းကျန်သည့် အကျိုးအပဲ့များ/ကို တောင်း/ထဲသို့ ကောက်သိမ်း/ရာ ခုနစ်တောင်း/အပြည့်/ရကြ၏။ 9 ထို/နေရာ/၌ လူ/လေးထောင်/ခန့်/ရှိ၏။ စားကြ/ပြီးနောက် ယေရှု/သည် လူထု/ကို အိမ်/သို့ ပြန်စေတော်မူ၏။ 10 ထို့နောက် တပည့်တော်တို့/နှင့်အတူ လှေ/ပေါ်သို့ ချက်ချင်း/တက်/၍ ဒါလမနုသ/ဒေသ/သို့ ကြွတော်မူ၏။
ဖာရိရှဲများ/က အံ့ဖွယ်/နိမိတ်/လက္ခဏာ တောင်းဆိုကြခြင်း
11 ကိုယ်တော်/ရောက်တော်မူကြောင်း/ကို ဖာရိရှဲတို့/သည် ကြား/သောအခါ လာ/၍ ကိုယ်တော်/နှင့် ငြင်းခုံဆွေးနွေးကြ၏။ သူတို့/သည် ကိုယ်တော်/ကို စမ်းသပ်လို/သဖြင့် ကောင်းကင်/မှ နိမိတ်/လက္ခဏာ/ကို/ပြ/ရန် တောင်းဆိုကြ၏။ 12 ထိုအခါ ကိုယ်တော်/သည် စိတ်တော်/မချမ်းမသာ/ဖြစ်/လျက် သက်ပြင်းချတော်မူ/ပြီးလျှင် “ဤ/မျိုးဆက်/သည် အဘယ်ကြောင့် နိမိတ်/လက္ခဏာ/ကို တောင်းကြသနည်း။ သင်တို့/အား ငါ/အမှန်/ဆို၏။ ထို/သူတို့/အား မည်သည့်/နိမိတ်/လက္ခဏာ/ကိုမျှ ပြမည်/မဟုတ်” ဟု မိန့်တော်မူ၏။ 13 ထို့နောက် ယေရှု/သည် သူတို့/ထံမှ ထွက်ခွာ/၍ လှေ/ပေါ်သို့ တစ်ဖန် တက်/ပြီးလျှင် တစ်ဖက်ကမ်း/သို့ ကူးတော်မူ၏။
ဖာရိရှဲများ/နှင့် ဟေရုဒ်မင်း/၏ တဆေး
14 ထို/အချိန်/တွင် တပည့်တော်တို့/သည် စားစရာ/ယူလာ/ရန် မေ့လျော့ကြ၏။ လှေ/ပေါ်၌ မုန့်/တစ်လုံး/သာ ပါ၏။ 15 ကိုယ်တော်/က “ဖာရိရှဲတို့/၏ တဆေး/နှင့် ဟေရုဒ်မင်း/၏ တဆေး/ကို/သတိထားကြလော့” ဟု သတိပေးတော်မူ၏။
16 တပည့်တော်တို့/က “ငါတို့/၌ စားစရာ/မပါ/သောကြောင့် ဤသို့/မိန့်တော်မူခြင်း/ဖြစ်သည်” ဟု အချင်းချင်း/ပြောဆိုကြ၏။ 17 ထိုသို့/ပြောဆိုနေကြသည်/ကို ယေရှု/သိတော်မူ/သဖြင့် “သင်တို့/သည် စားစရာ/မပါသည့်/အကြောင်း/ကို အဘယ်ကြောင့်/ပြောဆိုနေကြသနည်း။ ယခု/တိုင်အောင် မသိ/နားမလည်နိုင်ကြ/သေးသလော။ သင်တို့/သည် မခံယူ/နိုင်အောင် အလွန်/ခေါင်းမာကြသလော။ 18 သင်တို့/သည် မျက်စိ/ရှိလျက်/နှင့် မမြင်ကြသလော။ နား/ရှိလျက်/နှင့် မကြားကြသလော။a ဖြစ်ပျက်/သမျှ/ကို သတိမရကြသလော။ 19 မုန့်/ငါးလုံး/ကို ဖဲ့/၍ လူ/ငါးထောင်/ကို ငါ/ကျွေးမွေးခဲ့/စဉ် အကျိုးအပဲ့/ဘယ်နှတောင်း/ကောက်သိမ်းခဲ့ရသနည်း” ဟု မေးတော်မူ၏။ တပည့်တော်တို့/က “ဆယ့်နှစ်တောင်း ကောက်သိမ်းခဲ့ရပါသည်” ဟု လျှောက်ကြ၏။ 20 နောက်တစ်ဖန် “မုန့်/ခုနစ်လုံး/ကို ဖဲ့/၍ လူ/လေးထောင်/ကို ကျွေးမွေး/စဉ်/၌လည်း အကျိုးအပဲ့/တောင်း/အပြည့် ဘယ်နှတောင်း/ကောက်သိမ်းခဲ့ရသနည်း” ဟု မေးတော်မူ/လျှင် “ခုနစ်တောင်း/ကောက်သိမ်းခဲ့ရပါသည်” ဟု လျှောက်ကြ၏။
21 ထိုအခါ ကိုယ်တော်/က “ထိုသို့/ဖြစ်သည့်/တိုင် နားမလည်ကြ/သေးသလော” ဟု မိန့်တော်မူ၏။
မျက်မမြင်/တစ်ဦး/ကို မျက်စိ/မြင်စေတော်မူခြင်း
22 ယေရှု/နှင့် တပည့်တော်တို့/သည် ဗက်ဇဲဒမြို့/သို့ ရောက်ကြ၏။ ထိုအခါ လူ/တချို့/သည် မျက်မမြင်/တစ်ဦး/ကို ယေရှု/ထံတော်သို့ ခေါ်ဆောင်ခဲ့/ပြီးလျှင် လက်တော်/နှင့် တို့ထိ/၍ မျက်စိ/ပြန်မြင်/စေရန် တောင်းပန်ကြ၏။ 23 ယေရှု/သည် ထို/မျက်မမြင်/ကို လက်ဆွဲ/၍ မြို့ပြင်/သို့ ခေါ်ဆောင်သွားလေ၏။ ထို့နောက် သူ/၏ မျက်စိ/ကို တံတွေး/နှင့်/ထွေး/၍ သူ့/အပေါ် လက်တော်/တင်/လျက် “တစ်စုံတစ်ရာ/ကို မြင်သလော” ဟု မေးတော်မူ၏။
24 သူ/သည် မော့ကြည့်/၍ “လူများ/ကို မြင်ပါ၏။ သို့သော် ရှင်းလင်း/စွာ မမြင်ရပါ။ သူတို့/သည် သစ်ပင်များ လမ်းလျှောက်နေ/သကဲ့သို့ ဖြစ်နေပါသည်” ဟု လျှောက်၏။
25 တစ်ဖန် ယေရှု/သည် ထို/သူ/၏ မျက်စိ/ပေါ်သို့ လက်တော်/ကို တင်တော်မူ၏။ ထိုအခါ သူ/သည် အကောင်း/ပကတိအတိုင်း/ပြန်ဖြစ်/၍ အရာ/အားလုံး/ကို ရှင်းလင်း/စွာ မြင်လေ၏။ 26 ထို့နောက် ကိုယ်တော်/သည် ထို/သူ/အား “ရွာ/ထဲသို့ မဝင်နှင့်” ဟု မှာကြား/၍ အိမ်/သို့ ပြန်စေတော်မူ၏။
ယေရှု/သည် ခရစ်တော်/ဖြစ်ကြောင်း ပေတရု/ဝန်ခံခြင်း
27 ယေရှု/သည် တပည့်တော်တို့/နှင့်အတူ ဆီဇာရီးယား/ဖိလိပ္ပုနယ်/၌ ရှိသော ကျေးရွာများ/သို့ ကြွတော်မူ၏။ လမ်း/တွင် တပည့်တော်တို့/အား “လူတို့/သည် ငါ့/ကို မည်သူ/ဖြစ်သည်/ဟူ၍ ဆိုကြသနည်း” ဟု မေးတော်မူ၏။
28 တပည့်တော်တို့/က “တချို့/က ကိုယ်တော်/သည် နှစ်ခြင်းဆရာ/ယောဟန်၊ တချို့/က ဧလိယ၊ တချို့/က အခြား/ပရောဖက်/တစ်ပါးပါး ဖြစ်သည်/ဟူ၍ ဆိုကြ၏” ဟု လျှောက်ကြ၏။
29 ထိုအခါ ယေရှု/က “သင်တို့/ကမူ ငါ့/ကို မည်သူ/ဖြစ်သည်/ဟု ဆိုကြသနည်း” ဟူ၍ မေးတော်မူ/လျှင် ပေတရု/က “ကိုယ်တော်/သည် ခရစ်တော်b/ဖြစ်၏” ဟု လျှောက်လေ၏။
30 ထိုအခါ ယေရှု/က မိမိ/အကြောင်း/ကို မည်သူ့/ကို/မျှ မပြော/ရန် တပည့်တော်တို့/အား သတိပေးတော်မူ၏။
မိမိ/အသေခံတော်မူမည့်/အကြောင်း/ကို ကြိုတင်/ဟောတော်မူခြင်း
31 ထို့နောက် ယေရှု/က လူသားc/သည် ပြင်းစွာသော/ဒုက္ခ/ဝေဒနာ/ကို ခံရမည်။ အကြီးအကဲများ၊ ယဇ်ပုရောဟိတ်/ခေါင်းဆောင်များ၊ ကျမ်းတတ်ဆရာများတို့/၏ ငြင်းပယ်ခြင်း/နှင့် အသေသတ်ခြင်း/ကိုလည်း ခံရမည်။ သုံးရက်မြောက်/နေ့/တွင် သေခြင်း/မှ/ထမြောက်တော်မူ/လိမ့်မည်/ဟူသော အကြောင်းအရာများ/ကို သွန်သင်တော်မူ၏။ 32 ထိုသို့ ပွင့်လင်း/စွာ ဖော်ပြတော်မူ/သောအခါ ပေတရု/သည် ကိုယ်တော်/အား သီးခြား/ခေါ်/၍ အပြစ်တင်သော/စကား/ကို လျှောက်လေ၏။
33 ယေရှု/က တပည့်တော်တို့/ကို လှည့်/၍ ကြည့်တော်မူ/လျက် ပေတရု/အား “အို စာတန်… ငါ့/အနား/မှ ထွက်သွားလော့။ သင်/သည် ဘုရားသခင်/၏/ရှုထောင့်/မှ မတွေးဘဲ လူ့/ရှုထောင့်/ဖြင့်သာ တွေးသည်” ဟု ဆုံးမတော်မူ၏။
34 ထို့နောက် ယေရှု/က တပည့်တော်တို့/နှင့်တကွ လူထုပရိသတ်/အား ခေါ်တော်မူ/ပြီးလျှင် “တစ်စုံတစ်ဦး/သည် ငါ့/တပည့် ဖြစ်လို/ပါက မိမိ/အတ္တ/ကို/စွန့်/၍ မိမိ/လက်ဝါးကပ်တိုင်/ကို ထမ်း/ကာ ငါ့/နောက်သို့ လိုက်ရမည်။ 35 မိမိ/အသက်/ကို ကယ်တင်လိုသော/သူ/သည် အသက်/ဆုံးရှုံး/လိမ့်မည်။ ငါ့/အတွက်ကြောင့်/နှင့် သတင်းကောင်း/အတွက်ကြောင့် အသက်/ဆုံးရှုံးသော/သူ/သည် အသက်/ကို ရ/လိမ့်မည်။
36 လူ/သည် ကမ္ဘာလောက/တစ်ခုလုံး/ကို ပိုင်ဆိုင်ရ/သော်လည်း မိမိ/အသက်/ကို ဆုံးရှုံး/လျှင် မည်သည့်/အကျိုး ရှိမည်နည်း။ 37 မိမိ/အသက်ဝိညာဉ်/ကို မည်သည့်/အရာ/နှင့် လဲလှယ်/နိုင်မည်နည်း။ 38 ဘုရားသခင်/ကို မယုံကြည်/၍ အပြစ်/ကျူးလွန်သော ဤ/ခေတ်ကာလ/တွင် တစ်စုံတစ်ဦး/သည် ငါ/နှင့် ငါ့/စကား/အတွက် ရှက်/လျှင် လူသား/သည် သန့်ရှင်းသော/ကောင်းကင်တမန်များ/ခြံရံ/လျက် ခမည်းတော်/၏/ဘုန်းအသရေ/ကို/ဆောင်/ကာ ကြွလာ/သောအခါ ထို/သူ/အတွက် ရှက်တော်မူမည်” ဟု မိန့်တော်မူ၏။